Popular Journal
Credit to Popular Journal - အိမ်ခြံမြေရောင်း/ဝယ်မှုများပြုလုပ်ရာ၌ တစ်နည်းတစ်ဖုံပါဝင်သည့် အကျိုးဆောင်များအတွက် အကျိုးဆောင်အသိအမှတ်ပြုမှတ်ပုံတင်မှာအလွန်အရေးကြီးသည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်း၊ ရန်ကုန်တိုင်း (ရုံးခွဲ) ဥက္ကဋ္ဌ ဦးဘိုနီဝင်းက ပြောသည်။ ပြီးခဲ့သည့် မတ် ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌ပြု လုပ်သည့် AML/CFT ဥပဒေဆိုင်ရာသိကောင်းစရာနှင့် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ အသိပညာပေးသင်တန်းအမှတ်စဉ် (၄၄/၂၀၂၆) ဖွင့်ပွဲတွင် မီဒီယာများအားဖြေကြားခဲ့ခြင်းဖြစ်သည်။ “အကျိုးဆောင်အသိအမှတ်ပြုမှတ်ပုံတင်ဆိုတာက လာမယ့် အိမ်ခြံမြေနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ မူဝါဒတွေနဲ့အညီ ကြိုတင်ဆောင်ရွက်တဲ့သဘောဖြစ်ပါတယ်။ အသိအမှတ်ပြုမှတ်ပုံတင်လျှောက်ဖို့ဆိုတာ စီမံခန့်ခွဲမှုနဲ့ အသိအမှတ်ပြုမှတ်ပုံတင်ကော်မတီက စည်းကမ်းချက်တွေသတ်မှတ်ထားပြီးဖြစ်ပါတယ်”ဟု ဦးဘိုနီဝင်းက ပြောသည်။ ထို့ပြင် နောက်ပိုင်းအချိန်များ၌ စည်းကမ်းရှိစွာလုပ်ကိုင်စားသောက်သည့် အကျိုးဆောင်များပေါ်ထွက်လာရန် အသင်းမှတာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း ပြောသည်။ အဆိုပါ သင်တန်းတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေး AML/CFT ဥပဒေဆိုင်ရာသိကောင်းစရာများ၊ စည်ပင်မြေယာဥပဒေ၊ အိမ်ခြံမြေအကျိုးဆောင်များအတွက် ဒစ်ဂျစ်တယ်မားကတ်တင်း၊ FATF ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ နည်းလမ်းများနှင့် […] The post အကျိုးဆောင်အသိအမှတ်ပြုမှတ်ပုံတင်သည် အိမ်ခြံမြေအကျိုးဆောင်တိုင်းအတွက်အလွန်အရေးကြီး appeared first on Popular .
Go to News Site