Collector
ရန်ကုန်တိုင်းရှိ ခရိုင်/မြို့နယ်များ၌ လမ်းလျှောက်သ င်္ကြန်များကျင်းပမည် | Collector
ရန်ကုန်တိုင်းရှိ ခရိုင်/မြို့နယ်များ၌ လမ်းလျှောက်သ င်္ကြန်များကျင်းပမည်
Popular Journal

ရန်ကုန်တိုင်းရှိ ခရိုင်/မြို့နယ်များ၌ လမ်းလျှောက်သ င်္ကြန်များကျင်းပမည်

Credit to Popular Journal - ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံလမ်း၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၊ ဦးဝိစာရအ ဝိုင်းမှ အလုံလမ်းတစ်လျှောက်တွင် လမ်းလျှောက်သ င်္ကြန်များကျင်းပသွားမည်ဖြစ်ကာ ခရိုင်/မြို့နယ်များ၌ လမ်းလျှောက်သင်္ကြန်များအဖြစ်ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ မြို့တော်ခန်းမရှေ့တွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်ဗဟိုဖျော်ဖြေရေးမဏ္ဍပ်ကိုတည်ဆောက်လျက်ရှိပြီး သင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်တွင် နေ့စဉ်နံနက်ပိုင်းနှင့်ညနေပိုင်းတို့၌ နိုင်ငံတော်အနုပညာရှင်များ၏ဖျော်ဖြေတင်ဆက်မှုများ၊ ယိမ်းအကပြိုင်ပွဲများ၊ စတုဒိသာကျွေးမွေးမှုများပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ ယိမ်းအကပြိုင်ပွဲ၌ မူကြိုကျောင်းများက(၁၂)ဦးယိမ်း၊ ကျောင်းများမှ(၁၂)ဦးယိမ်းနှင့်(၁၆)ဦးယိမ်း၊ ရုံးနှင့် အ ခြားဌာနများမှ(၁၂)ဦးယိမ်းနှင့် (၁၆)ဦးယိမ်း၊ အလွတ်တန်းအဖြစ်(၂၀)ဦးယိမ်း၊ အမျိုးသားအလွတ်တန်းအ ဖြစ်(၁၂)ဦးယိမ်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများလည်းကပြယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ The post ရန်ကုန်တိုင်းရှိ ခရိုင်/မြို့နယ်များ၌ လမ်းလျှောက်သ င်္ကြန်များကျင်းပမည် appeared first on Popular .

Go to News Site