Collector
မကွေးမြို့တွင် ပျံကျစျေးသည်များစနစ်တကျရောင်းချနိုင်ရန် သစ်တောစျေးတည်ဆောက် | Collector
မကွေးမြို့တွင် ပျံကျစျေးသည်များစနစ်တကျရောင်းချနိုင်ရန် သစ်တောစျေးတည်ဆောက်
Popular Journal

မကွေးမြို့တွင် ပျံကျစျေးသည်များစနစ်တကျရောင်းချနိုင်ရန် သစ်တောစျေးတည်ဆောက်

Credit to Popular Journal - မကွေးတိုင်း၊ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ ပ ညာရေးကောလိပ်လမ်းနှင့် သုခိတာလမ်းကြား၌ ယင်း ရပ်ကွက်နှင့် အောင်စေတနာရပ်ကွက်၊ တိုးချဲ့ရပ်ကွက်တို့တွင်နေထိုင်သူများ သန့်ရှင်းသပ်ရပ်စွာဈေးဝယ်ယူနိုင်စေရန်နှင့် ပျံကျဈေးသည်များစနစ်တကျရောင်းချနိုင်ရန် သစ်တောဈေးတည်ဆောက်လျှက်ရှိသည်။ အဆိုပါ သစ်တောဈေးတွင် ကုန်ခြောက်ဆိုင်ခန်း(၁၄၀) ခန်း၊ သား/ငါးခန်း(၁၂)ခန်းနှင့် ပျံကျစျေးဆိုင်ခန်း(၈၄) ခန်းပါရှိပြီး ပြည်သူထည့်ဝင်ငွေကျပ်သန်း(၂၀၀)ဖြင့် ဖေဖော်ဝါရီလမှစတင်ကာတည်ဆောက်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်၌ (၈၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။ ဈေးဆိုင်ခန်းများတွင် ရေ၊ မီးနှင့် သန့်စင်ခန်းများကိုထည့်သွင်းတည်ဆောက်ထားပေးပြီး သွားလာရအဆင်ပြေစေရန် ဈေးအတွင်းလမ်းမကြီးနှင့် လမ်းသွယ်များအား ကွန်ကရစ်ခင်းပေးထား၍ အခြေခံစားသောက် ကုန်များကို လွယ်လင့်တကူဝယ်ယူရောင်းချနိုင်မည်ဖြစ်သညိ့အပြင် မြို့သန့်ရှင်းသာယာလှပရေးကိုလည်း အထောက်အကူပြုစေမည်ဖြစ်သည်။ The post မကွေးမြို့တွင် ပျံကျစျေးသည်များစနစ်တကျရောင်းချနိုင်ရန် သစ်တောစျေးတည်ဆောက် appeared first on Popular .

Go to News Site