Collector
ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် အခွန်အခလျှော့ချပေးရမည် | Collector
ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် အခွန်အခလျှော့ချပေးရမည်
Popular Journal

ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် အခွန်အခလျှော့ချပေးရမည်

Credit to Popular Journal - စိုက်ပျိုးရေးလုပ်ငန်းများအတွက်အရေးကြီးသည့် ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် အခွန်အခလျော့ချပေးရမည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁ ရက်ကကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် ဓာတ်မြေဩဇာများလုံလောက်စွာရရှိရေးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်သည့် ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးတောင်သူများလက်ဝယ် ဈေးနှုန်းသက်သာစွာရောက်ရှိစေရန် ထောက်ပံ့ပေးခြင်း၊ အခွန်အခကောက်ခံခြင်းများကိုတတ်နိုင်သမျှလျှော့ချပေးခြင်းဖြင့် ပြည်သူများစားရေ ရိက္ခာဖူလုံရေးအတွက် အဓိကထားကြိုးပမ်းဆောင် ရွက်ရမည်ဟု ပြောသည်။ စိုက်ပျိုးရေးတောင်သူများအတွက် လိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ်အရောက်ဖြန့်ဖြူးပေးရမည်ဖြစ်ကာ နိုင်ငံတော်အပိုင်းမှ တတ်နိုင်သမျှဖြည့်ဆည်းပေးသကဲ့သို့ တောင်သူများဘက်မှလည်းအတတ်နိုင်ဆုံးကုန်ထုတ်လုပ်မှုများပြုလုပ်ကြစေလိုသည်ဟု ပြော သည်။ ထို့ပြင် လယ်ထွန်စက်များနှင့် ရေတင်စက်များအတွက် စက်သုံးဆီများလိုအပ်ရာ ရေတင်ရာ၌ စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရန် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကိုဆောင်ရွက်ရမည်ဟု ပြော သည်။ ထို့အတူ နိုင်ငံတော်ယာယီသမ္မတမှ ပြည်တွင်းစားသုံးဆီလိုအပ်ချက်နှင့်ပတ်သက်၍ ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ ပဲပုပ်နှင့် နှမ်းတို့ကို ပိုမိုတိုးချဲ့စိုက်ပျိုးရန်၊ အဓိကအားဖြင့် […] The post ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် အခွန်အခလျှော့ချပေးရမည် appeared first on Popular .

Go to News Site