Popular Journal
Credit to Popular Journal - စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရန် EV ကားများကို စက်သုံးဆီသုံးယာဉ်အို/ယာဉ်ဟောင်းများအပ်နှံ၍တင်သွင်းသည့်စနစ်ပြုလုပ်သွားရန် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မ ရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။ နိုင်ငံတော်ယာယီသမ္မတမှ ယနေ့ ဧပြီ ၁ ရက်ကကျင်းပသည့် စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ပါက နိုင်ငံခြားငွေသုံးစွဲမှုများလျှော့ချသွားနိုင်မည်ဖြစ်ရာ စက်သုံးဆီများလျှော့ ချနိုင်ရန် EV ကားတင်သွင်းရာ၌ စက်သုံးဆီသုံးယာဉ်အို/ယာဉ်ဟောင်းများအပ်နှံ၍ EV ကားများပြန်လည်တင်သွင်းသည့်စနစ်ဆောင်ရွက်ရမည်ဟု ပြောသည်။ ” စက်သုံးဆီတွေတင်သွင်းရာမှာ အများပြည်သူသယ် ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အဓိကအသုံးပြုတဲ့ ဒီဇယ်ဆီတွေကို ဦးစားပေးဆောင်ရွက်ရပါမယ်။ အခုလိုပူပြင်းတဲ့အချိန်မှာ လျှပ်စစ်ဓာတ်အားနဲ့ မီးစက်တွေသုံးပြီး လေအေးပေးစက်အသုံးပြုလာတာကြောင့် လျှပ်စစ်ဓာတ်အားချွေတာဖို့ မီးစက်သုံးဆီသုံးတာနဲ့ ကားအသုံးပြုတာတွေလျှော့ချဖို့လိုပါတယ်”ဟု နိုင်ငံ တော်ယာယီသမ္မတက ပြောသည်။ ထို့ပြင် ဒေါ်လာဈေးနှုန်းများအနည်းငယ်မြင့်တက်လာ ၍ ပြည်တွင်းကုန်ဈေးနှုန်းများမြင့်တက်လာမှုမရှိစေရန် ဝင်ငွေနည်းပါးသည့် ပြည်သူများနှင့် ဝန်ထမ်းများအ တွက် […] The post စက်သုံးဆီသုံးယာဉ်အို/ယာဉ်ဟောင်းများအပ်နှံပြီး EV ကားများတင်သွင်းသည့်စနစ် ဆောင်ရွက်သွားနိုင်ရန်ယာယီသမ္မတပြောကြား appeared first on Popular .
Go to News Site