Collector
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည် | Collector
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည်
Popular Journal

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည်

Credit to Popular Journal - ယနေ့ ဧပြီလ ၂ ရက်တွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို နံနက် ၁၀ နာရီတွင် စတင်မည်ဖြစ်သည်။ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကမှ နေရာယူပြီးနောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာမည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့ အစည်းအဝေး အစီအစဉ်ကြေညာခြင်း၊ အစည်းအဝေး မတက်ရောက်နိုင်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေး တက်ရောက်မှုအခြေအနေကို အတည်ပြု မှတ်တမ်းတင်ခြင်းတို့ ပြုလုပ်မည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီမှ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီများ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြကာ၊ ပြည်ထောင်စုလွှတ်တော်နာယကမှ ကော်မတီအသီးသီးတွင် ပါဝင်ရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏အမည်စာရင်းများ တင်ပြခြင်းတို့ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ ထို့နောက် […] The post တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည် appeared first on Popular .

Go to News Site