Collector
အင်ဒိုအနီးတွင်အားပြင်းငလျင်လှုပ်ခတ်၍ ဆူနာမီသတိပေးချက် ထုတ်ပြန် | Collector
အင်ဒိုအနီးတွင်အားပြင်းငလျင်လှုပ်ခတ်၍ ဆူနာမီသတိပေးချက် ထုတ်ပြန်
Popular Journal

အင်ဒိုအနီးတွင်အားပြင်းငလျင်လှုပ်ခတ်၍ ဆူနာမီသတိပေးချက် ထုတ်ပြန်

Credit to Popular Journal - အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းတွင် ယနေ့ ဧပြီ ၂ ရက်နေ့က ပြင်းအား ၇ ဒဿမ ၄ အဆင့်ရှိ ကမ်းလွန်ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့မှုကြောင့် ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ရပြီး လှိုင်းအမြင့် ၃၀ စင်တာမီတာရှိ လှိုင်းများဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန(USGS) က ပြောကြားခဲ့သည်။          ငလျင်သည် ဆူလာဝေစီနှင့် မာလူကူကျွန်းစုများကြားရှိ မိုလူကာပင်လယ်ရေပြင်တွင် နံနက်အစောပိုင်း၌ အနက် ၃၅ ကီလိုမီတာခန့်မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း USGS က ပြောဆိုသည်။       ငလျင်ကြောင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှားကမ်းရိုးတန်းတလျှောက် ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၁၀၀၀ အတွင်း အန္တရာယ်ရှိသော ဆူနာမီလှိုင်းများဖြစ်ပေါ်နိုင်ကြောင်း ဟာဝိုင်ယီအခြေစိုက် ပစိဖိတ်ဆူနာမီသတိပေးစင်တာ(PTWC) က ပြောကြားခဲ့သည်။      တာနိတ်ကျွန်း၏မြောက်ဘက် မြောက်မာကူလူကူပြည်နယ်တွင် ငလျင်လှုပ်ခတ်ပြီး မိနစ် ၃၀ အတွင်း ၃၀ စင်တာမီတာရှိသော လှိုင်းများဖြစ်ပေါ်ခဲ့သည်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အင်ဒိုနီးရှား၏ BMKG ဘူမိဗေဒအေဂျင်စီက […] The post အင်ဒိုအနီးတွင်အားပြင်းငလျင်လှုပ်ခတ်၍ ဆူနာမီသတိပေးချက် ထုတ်ပြန် appeared first on Popular .

Go to News Site