Popular Journal
Credit to Popular Journal - ပဲခူးမြို့ကျက်သရေဆောင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂,၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် ယနေ့ ဧပြီ ၁ ရက်ညနေ ၅ နာရီက ပဲခူးတိုင်းအစိုးရအဖွဲ့မှဦးဆောင်၍ သံဃာအပါး (၅၀၀)ကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများ၊ ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် လွှတ် တော်ကိုယ်စားလှယ်များ၊ အလှူရှင်များက ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များကို လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခဲ့ကြသည်။ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂,၆၀၈)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ နာမည်ကျော်မြန်မာ့ဇာတ်သဘင်အဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ၁၂ ပွဲစျေးသည်များ၊ အပျော်စီးလှေ၊ ကလေးက စားကွင်းများအပြင် မြန်မာပြည်တစ်ဝှမ်းမှ ဒေသထွက် ကုန်များကိုလည်း ခင်းကျင်းရောင်းချလျက်ရှိသည်။ The post ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်၌ သံဃာအပါး (၅၀၀)ကို ဆွမ်းဆန်စိမ်းလောင်းလှူ appeared first on Popular .
Go to News Site