Khit Thit Media
ရန်ကုန်၊ ဧပြီ ၂ မြန်မာနိုင်ငံတွင် စက်သုံးဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးအတွက် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများကို အပ်နှံ၍ EV-လျှပ်စစ်ကားများ အစားထိုးတင်သွင်းရန် မင်းအောင် လှိုင်က မူဝါဒချမှတ်လိုက်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။ ယမန်နေ့ နေပြည်တော်တွင်ပြုလုပ်သော စက်သုံးဆီများဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေးအစည်း အဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ “စက်သုံးဆီသုံးစွဲမှုကိုလျှော့ချနိုင်ပါက တစ်ဖက်မှလည်း နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း၊ စက်သုံးဆီများကို လျှော့ချနိုင်ရန်အတွက် EV ကား တင်သွင်းမှုများကိုဆောင်ရွက်ရာတွင် စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းများအပ်နှံ၍ EV ကားများ ပြန်လည်တင်သွင်းသည့်စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း” မင်းအောင်လှိုင်က ပြောဆိုသည်။ ယခုကာလသည် ပူပြင်းခြောက်သွေ့သည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် လေအေးပေးစက်များကို ပိုမိုအသုံးပြုလာကြကြောင်း၊ ထိုသို့အသုံးပြုရာတွင် လျှပ်စစ်ဓာတ်အားကို အသုံးပြုမှုများ များပြားလာသကဲ့သို့ မီးစက်များအသုံးပြု၍လည်း […] The post စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရေး ယာဉ်အိုယာဉ်ဟောင်းများကို EV-လျှပ်စစ်ကားများဖြင့် အစားထိုးရန် မင်းအောင်လှိုင်က မူဝါဒချမှတ်၊ သားနှင့်သမီးဖြစ်သူက EV-လျှပ်စစ်ကားများ ပြည်တွင်းသို့ အများဆုံး တင်သွင်းနေ appeared first on Khit Thit Media .
Go to News Site