Khit Thit Media
ရန်ကုန်၊ ဧပြီ ၂ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နေရာအနှံ့တွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် မြို့ပေါ်ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်မှ စတင်ပြီး KIA ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ ဖားကန့် မှော်ဝမ်းကြီးနှင့် လုံးခင်းရှိ မှော်စီဆာရွာ ဘက်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် ယနေ့ […] The post ဖားကန့် နေရာအနှံ့တွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေ၊ စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် မြို့ပေါ်ကျရောက် ပေါက်ကွဲ၍ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ appeared first on Khit Thit Media .
Go to News Site