Popular Journal
Credit to Popular Journal - တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးဒုတိယနေ့တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီ နှစ်ရပ်ဖွဲ့စည်းနိုင်ခဲ့ကြောင်းသိရသည်။ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးဒုတိယနေ့ကို ၂၀၂၆ ခုနှစ် ဧပြီ ၂ ရက် (ကြာသပတေးနေ့) မနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ ကျင်းပခဲ့သည်။ ဥပဒေပြုရေးဆိုင်ရာကော်မတီကို ဘိုကလေးမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး ဦးဆောင်၍ ကိုယ်စားလှယ်အဖွဲ့ဝင် ၈ ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါကော်မတီတွင် ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ တောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂ ဦး ပါဝင်ကြောင်းသိရသည်။ ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီတွင် မော်လမြိုင်ကျွန်းမြို့နယ် အမှတ် ၁ လွှတ်ေတာ်ကိုယ်စားလှယ် […] The post တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးဒုတိယနေ့တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီ နှစ်ရပ်ဖွဲ့စည်း appeared first on Popular .
Go to News Site