Popular Journal
Credit to Popular Journal - ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးနှင့် ကုန်စည်များကို ဈေးနှုန်းသက်သာစွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ပါဆယ်ရထားများ တိုးချဲ့ချိတ်ဆက်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ ဘက်ထရီလျှပ်စစ်စက်ခေါင်း အသုံးပြု၍ ရထားတွဲဆိုင်းများ တိုးချဲ့ပြေးဆွဲနေပြီး၊ ခရီးသွားပြည်သူများအတွက် ပိုမိုလွယ်ကူအဆင်ပြေစေရန် ဧပြီ ၄ ရက်မှစ၍ “ခ” အဆက်ရထားကို ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်သည်။ ထို့အပြင် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အထူးပါဆယ်ရထားများကို ပါဆယ်တွဲ ၁၀ တွဲနှင့် ဘရိတ်တွဲ ၁ တွဲဖြင့် ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ပြီး တစ်ခေါက်လျှင် ကုန်စည် ၂၄၃ တန်အထိ တင်ဆောင်နိုင်မည်ဖြစ်သည်။ အဆိုပါရထားများသည် ပဲခူးမှစတင်၍ ကျောက်ဆည်အထိ အဓိကဘူတာများတွင် ရပ်နားမည်ဖြစ်ပြီး ဧပြီ ၄ ရက်မှ စတင်ကာ အဆန်/အစုန် ခေါက်ပြန်စနစ်ဖြင့် ပြေးဆွဲမည်ဖြစ်သည်။ […] The post ပါဆယ်ရထားများ တိုးချဲ့ပြေးဆွဲ၍ ကုန်စည်ပို့ဆောင်မှု လွယ်ကူမြန်ဆန်စေရန် ဆောင်ရွက်မည် appeared first on Popular .
Go to News Site