Popular Journal
Credit to Popular Journal - ယနေ့ ဧပြီလ (၃) ရက်တွင် ကျင်းပမည့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့၌ အစုအဖွဲ့ (၃) ခုမှ ရွေးချယ်ထားသည့် ဒုတိယ သမ္မတများအနက်မှ နိုင်ငံတော် သမ္မတကို ရွေးချယ်တင်မြှောက်သွားမည်ဟု သိရသည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့တို့မှ ဒုသမ္မတ (၃) ဦး ရွေးချယ်ကာ ပြည်ထောင်စု လွှတ်တော်သို့ အမည်စာရင်း တင်သွင်းထားခြင်းဖြစ်ပြီး အရည်အချင်း စိစစ်ရေးကော်မတီက ၎င်းတို့ (၃) ဦးလုံး သမ္မတအရည်အချင်းပြည့်မီကြောင်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားသည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော် နာယကက ယနေ့ ဧပြီ လ(၃) ရက် အစည်းအဝေးတတိယနေ့တွင် နိုင်ငံတော် သမ္မတရွေးချယ်ခြင်းကို ဆောင်ရွက်မည်ဟု ယမန်နေ့က ကြေညာ အသိပေးထားခြင်းလည်း ဖြစ်သည်။ […] The post ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်မည် appeared first on Popular .
Go to News Site