Popular Journal
Credit to Popular Journal - ယနေ့ ဧပြီလ ၃ ရက်တွင် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သမ္မတရွေးချယ်တင်မြှောက်ပွဲ ကျင်းပခဲ့သည်။ အဆိုပါ သမ္မတရွေးချယ်တင်မြှောက်ပွဲတွင် ပြည်ထောင်စုလွှတ်ဝောာ်၌ ရွေးချယ်တင်မြှောက်ထားသည့် ဒုတိယသမ္မတ (၃) ဦး အနက် နိုင်ငံတော်သမ္မတ တစ်ဦး ရွေးချယ်ရန် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင် ကိုယ်စားလှယ်များမှ ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေးရာ ပြည်သူ့လွှတ်တော်မှ ရွေးချယ်တင်မြှောက်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဆန္ဒမဲ (၄၂၉) မဲ ၊ တပ်မတော်သားအစုအဖွဲ့မှ ရွေးချယ်တင်မြှောက်သည့် ဦးညိုစောမှ ဆန္ဒမဲ (၁၂၆) မဲ နှင့် အမျိုးသားလွှတ်တော်မှ ရွေးချယ်တင်မြှောက်သည့် ဒေါ်နန်းနီနီအေးမှ ဆန္ဒမဲ (၂၉) မဲ တို့ အသီးသီးရရှိခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နိုင်ငံတော်သမ္မတဖြစ်လာကာ ဦးညိုစောမှ ဒုသမ္မတ (၁) နှင့် ဒေါ်နန်းနီနီအေးမှ […] The post တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီလ ၆ ရက်တွင်ကျင်းပမည် appeared first on Popular .
Go to News Site