Popular Journal
Credit to Popular Journal - တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ ဧပြီ ၃ ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စား လှယ် (၇၆) ဦးလုံး တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် တိုင်းလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ ငွေစာရင်းကော်မတီဥက္ကဋ္ဌအဖြစ် နတ်တလင်းမြို့နယ်ကိုယ်စားလှယ်အမှတ် (၁) ဦးမြစိုးနှင့် အတွင်းရေးမှူးအဖြစ် ကဝမြို့နယ်ကိုယ်စားလှယ်အမှတ် (၂) ဦးအောင်ညီညီစိုးတို့အပါအဝင် အဖွဲ့ဝင် (၉) ဦး၏ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးလွှတ်တော်ဒု-ဥက္ကဋ္ဌမှလည်း ပဲခူးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့ကိုဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။ ထို့ပြင် တိုင်းလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် […] The post တတိယအကြိမ် ပဲခူးတိုင်းလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် ကော်မတီနှစ်ရပ်၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအမည်စာရင်းကိုအသိပေး appeared first on Popular .
Go to News Site