Popular Journal
Credit to Popular Journal - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ယနေ့ ဧပြီ ၃ ရက်နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သော နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲအစည်းအဝေးမှ နိုင်ငံတော်သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့သည်။ ထိုသို့ ရွေးချယ်တင်မြှောက်ခံရခြင်းအတွက် မြန်မာ- တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုမြှင့်တင်ရေးအ သင်း(MCITP)၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်(Federation of MLCA)၊ မြန်မာ-အိန္ဒိယ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း(MICA)၊ မြန်မာ-တရုတ်ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့(MCBFEA)တို့က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။ ထို့ပြင် လူမျိုးပေါင်းစုံညီညွတ်ရေးနှင့် အကျိုးဆောင်အဖွဲ့(IUCO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟေးလုံကျန်းကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာ-တရုတ်အမျိုး သမီးများအသင်း၊ ဘာသာပေါင်းစုံမိတ်ဆွေများအဖွဲ့နှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့မှလည်း အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။ The post ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအ ဖြစ်ရွေးချယ်ခံရခြင်းကို အဖွဲ့အစည်းများကဂုဏ်ယူဝမ်းမြောက်ကြောင်းထုတ်ပြန် appeared first on Popular .
Go to News Site