Khit Thit Media
ရန်ကုန်၊ ဧပြီ ၃ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန်အတွင်းရှိ စက်မှုဇုန် ၁၊၂ နှင့် ၃ တို့တွင် အမှိုက် သိမ်းဆည်းသည့် လုပ်ငန်းစဉ်များ၌ စည်ပင်သာယာရေးကော်မတီက ဒီဇယ်ဆီရှားပါးနေသည်ဟု အကြောင်းပြချက်ပေးကာ လုပ်ငန်းရှင်များထံမှ ကားခအပြင် စက်သုံးဆီများကိုပါ အပိုဆောင်း တောင်းခံနေကြောင်း သိရှိရသည်။ တောင်ဒဂုံစက်မှုဇုန်များတွင် အမှိုက်သိမ်းဆည်းရာ၌ လုပ်ငန်းရှင်များက ကိုယ်ထူကိုယ်ထစနစ်ဖြင့် သံပြားများဖြင့် ဖန်တီးထားသော Truck Trailer ပုံစံ အမှိုက်ထည့်ကန်ကြီးများကို အသုံးပြုကြသည်။ အဆိုပါ အမှိုက်ကန်များ ပြည့်လျှင် စည်ပင်သာယာ အမှိုက်သိမ်းဌာနမှ ကားများက လာရောက်ချိတ်ဆွဲကာ ထိန်ပင်အမှိုက်ပုံသို့ သွားရောက်စွန့်ပစ်ပေးခြင်းဖြစ်သည်။ ထိုသို့ ဝန်ဆောင်မှုပေးသည့်အတွက် ယခင်က ကားခအဖြစ် ငွေကျပ် နှစ်သိန်းဝန်းကျင် ပေးဆောင်ရသော်လည်း၊ ယခုအခါတွင်မူ စည်ပင်ဘက်က ဆီရှားပါးမှုကို အကြောင်းပြကာ အမှိုက်တစ်ကန် […] The post တောင်ဒဂုံစက်မှုဇုန်တွင် ဒီဇယ်ဆီရှားပါးမှုကို အကြောင်းပြ၍ အမှိုက်သိမ်းခအပြင် အမှိုက်တစ်ခါလာသိမ်းတိုင်း ဒီဇယ် ၅ ဂါလံပေးရန် စည်ပင်က စက်ရုံများထံမှ အတင်းအကျပ် တောင်းခံနေ appeared first on Khit Thit Media .
Go to News Site