Khit Thit Media
ရန်ကုန်၊ ဧပြီ ၃ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချထားသော ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီဘက် မှ ၃ ဦး သေဆုံးပြီး ၅ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း မြေလတ်လွတ်မြောက် ရေးတပ်တော် (CLLA) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဧပြီလ ၂ ရက်၊ နံနက်အစောပိုင်း ၂ နာရီခန့်တွင် စေတုတ္တရာမြို့မရဲစခန်းနှင့် မီတာ ၅၀၀ ခန့်အကွာ၌ရှိသော၊ အင်အား ၁၅ ဦး ခန့်ဖြင့် အထိုင်ချထားသည့် ဂိတ်စခန်းကို တော် လှန်ရေးတပ်ဖွဲ့ဝင်များက ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဂိတ်စခန်းသည် စေတုတ္တရာမြို့နှင့် ငဖဲမြို့ကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ခရီးသွားပြည်သူများကို […] The post စေတုတ္တရာမြို့မရဲစခန်းအနီးရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး appeared first on Khit Thit Media .
Go to News Site