Khit Thit Media
ရန်ကုန်၊ ဧပြီ ၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးတွင် တည်ရှိသော ဆေးရုံကို စစ်ကောင်စီတပ်က ဧပြီလ ၂ ရက်နေ့တွင် လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သဖြင့် ဆေးရုံအဆောက်အအုံများနှင့် ဆေးကုသရေးအသုံးအဆောင်ပစ္စည်းများ အမြောက်အမြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ဧပြီလ ၂ ရက်နေ့တွင် တံတားဦးလေတပ်မှ JF-17 စစ်လေယာဉ်တစ်စီးနှင့် မိတ္တီလာလေတပ်မှ JF-17 စစ်လေယာဉ်တစ်စီးတို့ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများ ဆေးကုသမှုခံယူနေသည့် ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ Knight Commanders အဖွဲ့မှ တာဝန်ရှိသူ ဘယ်သန်ကြီးက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောကြားရာတွင် “စစ်ခွေးတွေ ၂ ကြိမ်တိုင်တိုင် လေကြောင်းတိုက် ခိုက်ခဲ့တာပါ။ ပြည်သူတွေ […] The post မုံရွာမြို့နယ်၊ ညောင်ပင်သာရွာအနီးရှိ ဆေးရုံကို စစ်တပ်က လေကြောင်းမှ ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်မှု ဆေးရုံအဆောက်အအုံနှင့် ဆေးကုသရေးပစ္စည်းများ ပျက်စီး appeared first on Khit Thit Media .
Go to News Site