Popular Journal
Credit to Popular Journal - ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ “ရွှေစင်ဝင်း”ရွှေဆိုင်နှင့် တောင်ဥက္ကလာပမြို့နယ်ရှိ “ရောင်နီဦး”ရွှေဆိုင်တို့အား သေနတ်ပစ်ဖေ-ာက်၍ လုယက်မှုကျူးလွန်သူ(၃)ဦးအား သက်သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ် ၂၈ ရက်ညနေပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ “ရွှေစင်ဝင်း” ရွှေဆိုင်ပိုင်ရှင်နှင့် ဆိုင်ဝန်ထမ်းတို့သည် ငွေကျပ် (၈၅၀၀)သိန်းခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများအားသိမ်းဆည်းပြီးနေအိမ်ပြန်ရန် ကားစောင့်နေစဉ် အမျိုးသား(၂)ဦးရောက်ရှိလာပြီး သေနတ်ပစ်ဖေ-ာက်ခြိမ်းခြောက်ကာ ကားဘီးဖြုတ်သည့်ဂွင်းဂွဖြင့်ရို-က်နှက်ပြီး ရွှေထည်ပစ္စည်းများအားလုယက်ယူဆောင်၍ အသင့်စောင့်နေသည့်အမျိုးသားတစ်ဦး၏ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းက (ပ) ၇၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့်ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိနိုင်ရေးအတွက်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဇော်လင်းထွန်း(၃၃)နှစ်၊ မှန်ကြီး(ခ)သက်နောင်(၅၈)နှစ်၊ စည်သူ (၃၈)နှစ်တို့အား လုယက်ယူဆောင်သွားခဲ့သည့် ရွှေထည်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဧပြီ ၁ ရက်နှင့် ဧပြီ ၂ ရက်တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း […] The post ရန်ကုန်တိုင်းရှိ ရွှေဆိုင်(၂)ဆိုင်ကို သေနတ်ပစ်ဖေ-ာက်ပြီး လုယက်မှူကျူးလွန်သူ(၃)ဦးကိုဖမ်းမိ appeared first on Popular .
Go to News Site