Collector
အောင်လံမြို့နယ်၌ အပူဒ-ဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး | Collector
အောင်လံမြို့နယ်၌ အပူဒ-ဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး
Popular Journal

အောင်လံမြို့နယ်၌ အပူဒ-ဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး

Credit to Popular Journal - ယခုရက်ပိုင်းအတွင်း၌ အပူချိန်ပြင်းထန်လာသဖြင့် မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အပူဒ-ဏ်အန္တရာယ်များမှကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ အသိပညာပေးလှုံ့ဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဧပြီ ၃ ရက်ကပြုလုပ်ခဲ့ကြသည်။ အောင်လံမြို့၊ ကန်ကြီးရပ်ကွက်ရှိ မြို့မဈေးကြီးအတွင်း/အပြင်ရှိ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများအား အပူဒ-ဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ ထို့ပြင် အောင်လံမြို့နယ်ဆေးရုံအုပ်ကြီးမှလည်း အပူလွန်ကဲမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများ၊ လိုက်နာရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေးပြောကြားခဲ့သည်။ The post အောင်လံမြို့နယ်၌ အပူဒ-ဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး appeared first on Popular .

Go to News Site