Collector
ကချင်ပြည်နယ်လွှတ်တော်ရုံးအနီး၌ စစ်ဘေးရှောင်များအတွက် ယာယီနေအိမ်များဆောက်လုပ်နေ | Collector
ကချင်ပြည်နယ်လွှတ်တော်ရုံးအနီး၌ စစ်ဘေးရှောင်များအတွက် ယာယီနေအိမ်များဆောက်လုပ်နေ
Popular Journal

ကချင်ပြည်နယ်လွှတ်တော်ရုံးအနီး၌ စစ်ဘေးရှောင်များအတွက် ယာယီနေအိမ်များဆောက်လုပ်နေ

Credit to Popular Journal - ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံးအနီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင်မြေနေရာတွင် စစ်ဘေးရှောင်များအတွက် ယာယီနေအိမ်များကိုဆောက်လုပ်လျက်ရှိကြောင်း သိရသည်။ ဆော့လော်မြို့နယ်မှတစ်ဆင့် မြစ်ကြီးနားမြို့ရှိ ဘာသာရေးအဖွဲ့အစည်းများ၊ ဆွေမျိုးနေအိမ်များတွင်ခိုလှုံနေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်အိမ်ထောင်စုများ၊ ဝန် ထမ်းများ (၈၀)ကျော်အားနေရာချထားပေးရန်ဆောက်လုပ်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောက်လုပ်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ ဧပြီ ၂ ရက်ကကြည့်ရှုစစ်ဆေး၍ နေအိမ်တန်းလျားများကို မိုးမကျမီ အမြန်ဆုံးဆောက်လုပ်ပြီးစီးရန်လိုအပ်သည့် မိုးကာလိပ်များနှင့် ဝါးများဝယ်ယူနိုင်ရေးအတွက် ငွေကျပ်သိန်း(၉၀)ကိုထောက်ပံ့ပေးအပ်ခဲ့သည်။ The post ကချင်ပြည်နယ်လွှတ်တော်ရုံးအနီး၌ စစ်ဘေးရှောင်များအတွက် ယာယီနေအိမ်များဆောက်လုပ်နေ appeared first on Popular .

Go to News Site