Khit Thit Media
ရန်ကုန်၊ ဧပြီ ၄ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ လေကြောင်းခရီးစဉ်ထွက်ခွာမည်ဆိုပါက ခရီးသည်များ ၏ နိုင်ငံကူးလက်မှတ်အပြင် မှတ်ပုံတင်ကိုပါ စိစစ်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်အခြေစိုက် Golden Myanmar ခရီးသွားအေဂျင်စီမှ တာဝန်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပြည်တွင်း/ပြည်ပ ဒေသအသီးသီးသို့ သွားရောက်ကြမည့်ခရီးသည်များတွင် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက် ပြားစေမည့် ပြေး ၄ ပြေးများမပါရှိစေရေး ခရီးသည်များ၏ မှတ်ပုံတင်ပါအချက် အလက်များအား စိစစ်ဆောင်ရွက်မှုများကို ပြည်တွင်း/ပြည်ပ ထွက်ခွာလက်မှတ်စစ်ကောင်တာနေ ရာများ နှင့် ပြည်ပဆိုက်ရောက်လေကြောင်းရဲတပ်ဖွဲ့ကောင်တာနေရာများတွင် လေ ကြောင်း ရဲတပ်ဖွဲ့မှ မကြာခင်ဆောင်ရွက်တော့မည်ဟု အကြောင်းကြားလာကြောင်း သိရှိရသည်။ “ပြည်တွင်းလေကြောင်းခရီးစဉ်ကတော့ မှတ်ပုံတင်ပြရတယ်။ မှတ်ပုံတင်နံပါတ်ပေးရတာ ပုံမှန်ပါပဲ။ ပြည်ပခရီးစဉ်တွေကတော့ ပတ်စ်ပို့တင်မရတော့ဘူး။ […] The post ပြည်ပသို့ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာမည်ဆိုပါက ခရီးသည်များ၏ နိုင်ငံကူးလက်မှတ်အပြင် မှတ်ပုံတင်ကိုပါ စိစစ်ရန် ညွှန်ကြား appeared first on Khit Thit Media .
Go to News Site