Popular Journal
Credit to Popular Journal - ဧပြီ ၃ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား လျှို့ဝှက်ဆန္ဒမဲ (၄၂၉) မဲရရှိခဲ့သဖြင့် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ် တင်မြှောက်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်သည်ဟု ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ ယနေ့ ဧပြီ ၄ ရက်ကထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်သမ္မတအနေဖြင့် အနာဂတ်နိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ နေမင်းထုံးလမင်းထုံးနှလုံးမူပြီး နိုင်ငံသူ/နိုင်ငံသားတို့အပေါ်ရင်ဝယ်သားကဲ့သို့စောင့်ရှောက်နိုင်ပါစေဟုလည်း ညီညွတ်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေးပါတီက ဆုမွန်ကောင်းတောင်းခဲ့သည်။ ထို့ပြင် လျို့ဝှက်ဆန္ဒမဲ (၁၂၆) မဲဖြင့် ဒု-သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသော ဦးညိုစော၊ လျို့ဝှက်ဆန္ဒမဲ (၂၉) မဲဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီး ဒု-သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသော ဒေါ်နန်းနီနီအေးတို့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်သည်ဟု ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနေဖြင့်လည်း အနာဂတ်နိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့်ရင်ပေါင်တန်းကာ နေမင်းထုံးလမင်းထုံးနှလုံးမူလျှက် နိုင်ငံသူ/နိုင်ငံသားတို့အပေါ်ရင်ဝယ်သားကဲ့သို့စောင့်ရှောက်ပြီး မြန်မာအမျိုးသမီးထုကြီး၏ အကျိုးကိုပိုမို စွမ်းဆောင်နိုင်ပါစေဟုလည်း ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဆုမွန်ကောင်းတောင်းခဲ့သည်။ The post နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် ဂုဏ်ယူဝမ်း မြောက်ဟု ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီထုတ်ပြန် appeared first on Popular .
Go to News Site