Collector
သင်္ကြန်အပြီး တရုတ်နိုင်ငံတွင် ကြိုတင်သွားရောက်လေ့ကျင့်မည့် မြန်မာယူ-၁၇ အမျိုးသမီးအသင်း | Collector
သင်္ကြန်အပြီး တရုတ်နိုင်ငံတွင် ကြိုတင်သွားရောက်လေ့ကျင့်မည့် မြန်မာယူ-၁၇ အမျိုးသမီးအသင်း
Popular Journal

သင်္ကြန်အပြီး တရုတ်နိုင်ငံတွင် ကြိုတင်သွားရောက်လေ့ကျင့်မည့် မြန်မာယူ-၁၇ အမျိုးသမီးအသင်း

Credit to Popular Journal - ပြိုင်ပွဲကျင်းပမည့် တရုတ်နိုင်ငံတွင် ကြိုတင်သွားရောက်လေ့ကျင့်ပြင်ဆင်မည့် မြန်မာယူ-၁၇ အမျိုးသမီးအသင်းမှာ ဧပြီ(၁၈)ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ကနဦးက အသင်းအနေဖြင့် နိုင်ငံတကာခြေစမ်းပွဲအပြင် ခြေစမ်းခရီးစဥ်များ သွားရောက်ရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပမည့် တရုတ်နိုင်ငံတွင်သာ သွားရောက်လေ့ကျင့်ပြင်ဆင်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယူ-၁၇ အာရှအမျိုးသမီးဖလားပြိုင်ပွဲကို မေလ (၁)ရက်၌ ကျင်းပမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် အိမ်ရှင်တရုတ် ၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။ မြန်မာအမျိုးသမီးအသင်းအနေဖြင့် ပြိုင်ပွဲအတွင်း အသင်းကောင်းများဖြင့် ရင်ဆိုင်ရမည်ဖြစ်သည့်အတွက် မြန်မာနိုင်အတွင်း၌ပင် သိပ္ပံနည်းကျကြံ့ခိုင်မှု လေ့ ကျင့်ခန်းများနှင့် အာဟာရပိုင်းကို အထူးဂရုစိုက်ပြင်ဆင်နေကြောင်း မြန်မာ့လက် ရွေးစင်အသင်းက ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံအနေဖြင့် အာရှဖလားဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် ယူ-၁၇ အ မျိုးသားအသင်းအပြင် အမျိုးသမီးအသင်းပါရရှိထားခြင်းဖြစ်ကာ အာရှဖလားမှတဆင့် ကမ္ဘာ့ဖလားအဆင့်တက်လှမ်းနိုင်ရန် ကြိုးစားပြင်ဆင်နေကြခြင်းလည်းဖြစ်သည်။ The post သင်္ကြန်အပြီး တရုတ်နိုင်ငံတွင် ကြိုတင်သွားရောက်လေ့ကျင့်မည့် မြန်မာယူ-၁၇ အမျိုးသမီးအသင်း appeared first on Popular .

Go to News Site