Popular Journal
Credit to Popular Journal - ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာသာရီဆာ လာဇာရိုသည် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေဖြင့် နိုင်ငံနှင့် တိုင်ပင်ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သောကြာနေ့က သတင်းထုတ်ပြန်ချက်တစ်ခုတွင် သမ္မတအိမ်တော် ပြန်ကြားရေး လက်ထောက်အတွင်းဝန် ကလဲရာ ကက်စထရိုက ပြောကြားခဲ့သည်။ “ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံ၏ စုပေါင်းကြိုးပမ်းအားထုတ်မှုများကို ထောက်ခံရန် ကတိပြုထားပြီး အချက်ငါးချက်ပါ သဘောတူညီချက်ကို အပြည့်အဝနှင့် ထိရောက်စွာ အကောင်အထည်ဖော်ရေးအတွက် အရှိန်အဟုန်သစ် ဖြင့်ဆောင်ရွက်ရန်၊ အထူးသဖြင့် အကြမ်းဖ-က်တို-က်ခို-က်မှုများ ရပ်တန့်ရေးနှင့် မြန်မာပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားသော အကူအညီများ ပေးအပ်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်” ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် သောကြာနေ့က ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မဲခွဲမှုအပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ Ref: ဂျီအမ်အေနူးစ် The post ဖိလစ်ပိုင်က မြန်မာနိုင်ငံနှင့် ဆက်လက် တိုင်ပင် ဆွေးနွေးမည် appeared first on Popular .
Go to News Site