Khit Thit Media
ရန်ကုန်၊ ဧပြီ ၄ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဗျူဟာကုန်းအနီးရှိ ဝေါလေဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဝေါလေဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းမီးလောင် ပြာကျခဲ့ကြောင်း သိရသည်။ “ဝေါလေ ဘုန်းကြီးကျောင်းကို စစ်ခွေးတွေ ဗုံးကျဲလို့ ကျောင်းတစ်ခုလုံး မီးလောင်ပြာကျသွားတယ်။ မနေ့က ညနေ ၆ နာရီလောက်က ကျဲသွားတာ ပြည်သူတွေ ထိခိုက်တာမရှိဘူးလို့တော့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ အလားတူ ဧပြီလ ၁ ရက်နေ့ကလည်း […] The post မြဝတီနှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း မီးလောင်ပြာကျ appeared first on Khit Thit Media .
Go to News Site