Khit Thit Media
ရန်ကုန်၊ ဧပြီ ၄ အကြမ်းဖက် မင်းအောင်လှိုင်၏ တရားမဝင်သမ္မတရာထူးကို အာရကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC)က ပြင်းထန်စွာရှုတ်ချပြီး နိုင်ငံတကာက အသိအမှတ်မပြုရန် တောင်းဆိုလိုက်သည်။ အာရကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) သည် စစ်တပ်ကခြယ်လှယ်ထားသော လွှတ်တော်မှတစ်ဆင့် မင်းအောင်လှိုင်အား မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ခန့်အပ်လိုက်ခြင်းကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။ ARNC ၏ ထုတ်ပြန်ချက်အရ ယခုခန့်အပ်မှုသည် ကုလသမဂ္ဂနှင့် ဒီမိုကရက်တစ်အစိုးရများက “အတုအယောင်” ဟု သတ်မှတ်ထားသည့် ရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ စစ်အာဏာရှင်စနစ်ကို အရပ်သားအုပ်ချုပ်ရေးပုံစံဖြင့် ဖုံးကွယ်ရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ဖော်ပြထားသည်။ လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ရယူထားပြီး အတိုက်အခံပါတီများကို ပိတ်ပင်ထားသည့်အတွက် ဤရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို ထင်ဟပ်ခြင်းမရှိကြောင်း ဆိုသည်။ မင်းအောင်လှိုင်သည် ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း […] The post မင်းအောင်လှိုင်၏ တရားမဝင် သမ္မတ ရာထူးကို ARNC က ပြင်းထန်စွာရှုတ်ချပြီး နိုင်ငံတကာက အသိအမှတ်မပြုရန် တောင်းဆို appeared first on Khit Thit Media .
Go to News Site