Popular Journal
Credit to Popular Journal - ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ရက်ပေါင်း (၄၀)ကျော်ယာယီရပ်နားထားခဲ့သည့် မြစ်ကြီးနားလေဆိပ်သို့ ယနေ့ ဧပြီ ၄ ရက်နံနက်ပိုင်းတွင် ခရီးသည်တင်လေကြောင်းလိုင်းများပြန်လည်ပြေးဆွဲနေပြီဖြစ် ကြောင်း သိရသည်။ ပြည်တွင်းလေကြောင်းလိုင်းဖြစ်သည့် Air ThanLwin လေကြောင်းလိုင်းမှ ယနေ့တွင် မြစ်ကြီးနားလေဆိပ်သို့စတင်ပြေးဆွဲခြင်းဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း၊ မန်းရတနာဘုံလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်းလိုင်းတို့မှလည်း အလှည့်ကျပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပူတာအိုလေဆိပ်သို့ မြန်မာအမျိုးသားလေ ကြောင်းလိုင်းမှ တစ်ပတ်လျှင် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေ နေ့တို့၌ပြေးဆွဲပေးသွားမည်ဖြစ်ကာ မန်းရတနာဘုံ လေကြောင်းလိုင်းနှင့် မင်္ဂလာလေကြောင်းလိုင်းတို့မှလည်း ပူတာအိုသို့ပြေးဆွဲနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။ မြစ်ကြီးနားသို့ လေကြောင်းလိုင်းများပုံမှန်ပြန်လည်ပြေးဆွဲသွားမည်ဖြစ်၍ ဒေသခံများ၏ ခရီးသွားလာမှု၊ ကျန်းမာရေးဆိုင်ရာများကြောင့် ခရီးသွားလာမည့်သူများပိုမိုအဆင်ပြေသွားမည်ဖြစ်ကာ ဌာနဆိုင်ရာများ၏ ရုံးလုပ်ငန်းများလည်း ပိုမိုအဆင်ပြေစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ The post ရက်ပေါင်း(၄၀)ကျော်ယာယီရပ်နားထားခဲ့သည့် မြစ်ကြီးနားလေဆိပ်သို့ ယနေ့ ဧပြီ ၄ ရက်မှစတင်၍ ခရီး သည်တင်လေယာဥ်များပြန်လည်ပြေးဆွဲ appeared first on Popular .
Go to News Site