Khit Thit Media
ရန်ကုန်၊ ဧပြီ ၄ မြန်မာနိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်ပေါင်း ၃၀၀၀ နီးပါးကို စစ်ကောင်စီက CCTV ကင်မရာများ မဖြစ်မနေ တပ်ဆင်ခိုင်းနေပြီး၊ တပ်ဆင်ရန် ပျက်ကွက်ပါက စက်သုံးဆီခွဲတမ်း ပိတ်သိမ်းမည်ဟု ခြိမ်းခြောက်ဖိအားပေးမှုများ ပြုလုပ်နေကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်တပ်က နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် စက်သုံးဆီ ပြတ်လပ်မှုနှင့် တန်းစီစောင့်ဆိုင်းနေရသည့် အခြေအနေများကို ဖုံးကွယ်ရန်နှင့် ဆီဆိုင်များ၏ အတွင်းရေးအခြေအနေများကို စောင့်ကြည့်ရန်အတွက် ယခုကဲ့သို့ စီမံချက်ချကာ ဖိအားပေးလာခြင်း ဖြစ်သည်။ အထူးသဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (PPRD) မှ တာဝန်ရှိသူ ဦးမင်းမင်း အပါအဝင် ဌာနဆိုင်ရာများက ဆီဆိုင်များသို့ CCTV တပ်ဆင်ရန်နှင့် ဆိုင်အတွင်းရေး မှတ်တမ်းများကို တောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။ […] The post တစ်နိုင်ငံလုံးရှိ ဆီဆိုင် ၃၀၀၀ နီးပါးတွင် CCTV များ တပ်ဆင်ခိုင်းနေပြီး CCTV မတပ်လျှင် ဆီခွဲတမ်းမပေးဟု စစ်တပ်က ခြိမ်းခြောက် appeared first on Khit Thit Media .
Go to News Site