Khit Thit Media
ရန်ကုန်၊ ဧပြီ ၄ ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်ရှိ အများပြည်သူအသုံးပြုရာ ရပ်ကွက်ဘောလုံးကွင်းအတွင်း၌ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဆက်ကြေးယူကာ လောင်းကစားဝိုင်းများကို တရားဝင် ခွင့်ပြုပေးထားသဖြင့် ဒေသခံများ နယ်မြေလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်ရှိ ဘောလုံးကွင်းအတွင်း၌ “မင်းခတ်” ဇာတ်သဘင်အဖွဲ့က လာရောက်ကပြဖျော်ဖြေလျက်ရှိရာ အဆိုပါဖျော်ဖြေပွဲနှင့်အတူ လောင်းကစားဝိုင်းမျိုးစုံကိုပါ ထည့်သွင်းကျင်းပနေခြင်းဖြစ်သည်။ အဆိုပါ လောင်းကစားပွဲများကို ကိုဒဿ အမည်ရှိသူက ဦးဆောင်ကျင်းပနေခြင်းဖြစ်ပြီး ညစဉ်ညတိုင်း အချိန်မတော် ဆူပူအော်ဟစ်သံများကြောင့် ပတ်ဝန်းကျင်ရှိ ပြည်သူများမှာ အိပ်ရေးပျက်သည့် ဒုက္ခ၊ လောင်းကစား၀ိုင်းများကြောင့် လုံခြုံရေးစိုးရိမ်ရကာ ခိုးဆိုးလုယက်မှုများ ပေါများလာသော ဒုက္ခများနှင့် ရင်ဆိုင်နေကြရသည်။ အဆိုပါ လောင်းကစားဝိုင်းများ နောက်ကွယ်တွင် သက်ဆိုင်ရာ စစ်တပ်၊ရဲနှင့်အာဏာပိုင်များ တရားဝင် ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရှိရသည်။ “ရဲတွေက အဲဒီလောင်းကစားဝိုင်းတွေကို […] The post တနိုင်းမြို့တွင် စစ်တပ်နှင့်ရဲများက ဇာတ်ပွဲအကြောင်းပြ၍ လောင်းကစားဝိုင်းများကို ဆက်ကြေးယူ ခွင့်ပြုပြီး တရားဝင် လောင်းကစားဝိုင်းကြီးများ ပေါ်လာ appeared first on Khit Thit Media .
Go to News Site