Khit Thit Media
ရန်ကုန်၊ ဧပြီ ၄ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ နဘက်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း ဒေသပြည်သူများ၏ ပြောပြချက်အရ သိရှိရသည်။ ယမန်နေ့ ဧပြီလ ၃ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် မကွေးလေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် နဘက်ကျေးရွာအတွင်းသို့ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် […] The post မြောင်မြို့နယ် နဘက်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်ပျက်စီး appeared first on Khit Thit Media .
Go to News Site