Khit Thit Media
ရန်ကုန်၊ ဧပြီ ၄ နိုင်ငံခြားသုံးငွေ အကြီးအကျယ် လိုအပ်ချက်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီက ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးသွင်းရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီပေါင်း ၂၈၇ ခုနှင့် ၎င်းတို့၏ ဒါရိုက်တာအဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်များကို အမည်မည်းစာရင်း (Blacklist) ထည့်သွင်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတစ်ဆင့် ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်းသို့ နိုင်ငံခြားသုံးငွေ ဝင်ရောက်လာစေရန် ပို့ကုန်ရငွေများကို အဓိကထား ထိန်းချုပ်နေခြင်းဖြစ်ပြီး၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈-ခ နှင့် အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃ အရ အာရှနိုင်ငံများသို့ တင်ပို့ပါက ၂၀ ရက်အတွင်း၊ အခြားနိုင်ငံများသို့ တင်ပို့ပါက ရက်ပေါင်း ၆၀ အတွင်း ရငွေများကို ဘဏ်စာရင်းထဲသို့ မပျက်မကွက် ထည့်သွင်းရမည်ဟု ပြဋ္ဌာန်းထားသည်။ ယခု အမည်မည်းစာရင်းသွင်းခံရသည့် ကုမ္ပဏီ […] The post အမေရိကန်ဒေါ်လာ အကြီးအကျယ် လိုအပ်နေသည့် စစ်တပ်က ပို့ကုန်ရငွေဒေါ်လာများ ပေးသွင်းခြင်းမရှိသော ကုမ္ပဏီ ၂၈၇ ခုနှင့် ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များကို အမည်ပျက်စာရင်း ကြေညာလိုက်ပြီး ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် ဖမ်း၀ရမ်းထုတ်ခြင်းများ လုပ်ရန်ရှိနေ appeared first on Khit Thit Media .
Go to News Site