Collector
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ကော်မတီ ၃ ရပ်ထပ်မံဖွဲ့စည်းသွားမည် | Collector
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ကော်မတီ ၃ ရပ်ထပ်မံဖွဲ့စည်းသွားမည်
Popular Journal

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ကော်မတီ ၃ ရပ်ထပ်မံဖွဲ့စည်းသွားမည်

Credit to Popular Journal - တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဧပြီလ၆ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး လွှတ်တော်တော်ရေးရာ ကော်မတီ ၃ ရွကိုထပ်မံဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။    အဆိုပါကော်မတီများမှာ ဥပဒေစိစစ်ရေးကော်မတီ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းနှင့် သယံဇာတရေးရာကော်မတီ တို့ဖြစ်ကြောင်းသိရသည်။             ဦးစွာ လွှတ်တော်ဥက္ကဋ္ဌက ရေးရာကော်မတီ သုံးရပ် ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ကော်မတီ တစ်ရပ်ချင်းစီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်း လျာထားချက်များကို တင်ပြမည်ဖြစ်သည်။              ထို့နောက် လွှတ်​တော်က္ကဌဦးသိန်းထွန်းက လွှတ်တော်သဘောထားရယူကာ အတည်ပြုဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။  တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့အထိ လွှတ်တော်ရေးရာ ကော်မတီ ၈ ခုဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ The post တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ကော်မတီ ၃ ရပ်ထပ်မံဖွဲ့စည်းသွားမည် appeared first on Popular .

Go to News Site