Popular Journal
Credit to Popular Journal - နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ခန့်အပ်တာဝန်ပေးခံရသည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ဧပြီ ၄ ရက်တွင် ပြည်သူ့ပါတီက သဝဏ်လွှာပေးပို့ထားသည်။ သဝဏ်လွှာတွင်သမ္မတကြီး ဦးမင်းအောင်လှိုင်ဦးဆောင်မည့် အစိုးရအဖွဲ့သစ်အနေဖြင့် နိုင်ငံတဝှမ်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်သူ့ဘဝလုံခြုံအေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေ့ရှု၍ နိုင်ငံတော်ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုများကိုစုပေါင်းစုစည်းမှုအားဖြင့် ဖြတ်သန်းကျော်လွှားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းထားသည်။ ဧပြီလ (၄) ရက်က နိုင်ငံတော်သမ္မတရွေးချယ်ရေး လုပ်ထုံးလုပ်နည်းများအရ သမ္မတကြီး ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ(၁) ဦးညိုစော၊ ဒုတိယသမ္မတ (၂) နန်းနီနီအေးတို့အားရွေးချယ်ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ The post နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ခန့်အပ်တာဝန်ပေးခံရသည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့ပါတီသဝဏ်လွှာပေးပို့ appeared first on Popular .
Go to News Site