Popular Journal
Credit to Popular Journal - ဟော်မုဇ်ရေလက်ကြား၏ပုံမှန်သွားလာမှုကို အမြန်ဆုံးပြန်လည်ဖော်ဆောင်ရန်တိုက်တွန်း တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူ ရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Ishaq Dar တို့ မတ် ၃၁ ရက်က ပေကျင်းမြို့၌တွေ့ဆုံ၍ ပင်လယ်ကွေ့ဒေသနှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေများကိုဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဥ် ရေကြောင်းသွားလာမှုဘေးကင်းလုံခြုံရေးကိုအာမခံချက်ရှိစေရန်အတွက် ဟော်မုဇ်ရေလက်ကြားနှင့် အနီးတစ်ဝိုက်ရေပြင်များသည် အပြည်ပြည်ဆိုင်ရာ ကုန်စည်နှင့် စွမ်းအင်ကုန်သွယ်မှုအတွက်အရေးကြီးသောလမ်းကြောင်းများဖြစ်ခြင်းကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ သက်ဆိုင်ရာအဖွဲ့အစည်းများအား ဟော်မုဇ်ရေလက်ကြားအတွင်းပိတ်မိနေသော သင်္ဘောများနှင့် သင်္ဘောသားများ၏ ဘေးကင်းရေးကိုကာကွယ်ရန်၊ အရပ်ဘက်ကုန်သွယ်ရေးသင်္ဘောများအမြန်ဆုံးဘေးကင်းစွာဖြတ်သန်းသွားလာနိုင်ရေးစီစဉ်ပေးရန်နှင့် ရေလက်ကြား၏ ပုံမှန်သွားလာမှုကိုအမြန်ဆုံးပြန်လည်ဖော်ဆောင်ရန် တိုက်တွန်းခဲ့ကြသည်။ ထို့အတူ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကို အပြည့်အဝလိုက်နာရန်၊ စွမ်းအင်၊ ရေချိုထုတ်လုပ်မှု၊ လျှပ်စစ်ဓာတ်အားစသည့် အရေးကြီးသော အခြေခံအဆောက်အအုံများနှင့် နျူကလီးယားစွမ်းအင်သုံး အဆောက်အအုံများအား တိုက်ခိုက်ခြင်းကို […] The post တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi နှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Ishaq Dar တို့တွေ့ဆုံ appeared first on Popular .
Go to News Site