Collector
အပူဒါ-ဏ်အန္တရာယ် လူနာများအား အရေးပေါ်ကုသပေးရန် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် | Collector
အပူဒါ-ဏ်အန္တရာယ် လူနာများအား အရေးပေါ်ကုသပေးရန် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်
Popular Journal

အပူဒါ-ဏ်အန္တရာယ် လူနာများအား အရေးပေါ်ကုသပေးရန် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

Credit to Popular Journal - အပူဒါ-ဏ်အန္တရာယ် လူနာများအား အရေးပေါ်ကုသပေးရန် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ကျန်းမာရေးဝန် ကြီးဌာနက ယနေ့တွင် အသိပေးထားသည်။ ထို့ကြောင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် လူနာများ လက်ခံကုသပေးမည့်နေရာ ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိစေရေးအတွက် အပူဒါ-ဏ် အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်နှင့် အညီဆောင်ရွက်ရန်အတွက် လေ့ကျင့်မှုများဆောင်ရွက်ခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။ ယခုအခါ ပူပြင်းသည့် နွေရာသီကာလသို့ ရောက်ရှိနေပြီဖြစ်သဖြင့် အပူဒါဏ်အန္တရာယ်ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီး/ ပြည်နယ်များတွင် အပူဒါ-ဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသော လူနာများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ The post အပူဒါ-ဏ်အန္တရာယ် လူနာများအား အရေးပေါ်ကုသပေးရန် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် appeared first on Popular .

Go to News Site