Popular Journal
Credit to Popular Journal - ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ AA အဖွဲ့ဝင် မြို့နယ်မှူးထံပို့ ဆောင်မည့် ငွေကျပ်(၁၁)ဘီလီယံကျော်တန်ဖိုးရှိ စိတ် ကြွဆေးပြားများကိုသယ်ဆောင်လာသူ(၃)ဦးနှင့်အတူ ဧပြီ ၄ ရက်က နတ်မောက်မြို့နယ်၌ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ နတ်မောက်မြို့နယ်၊ ရွာတော်စစ်ဆေးရေးဂိတ်၌ ပြစ်မှုကျူးလွန်သူ မျိုးမင်းအောင်၊ နတ်မောက်မြို့နယ်၊ စိုင်ကောင်းကျေးရွာအနီး၌ မင်းမင်းခိုင်မောင်း၍ လှိုင်ဝင်းလိုက်လာသည့် ထော်လာဂျီယာဉ်ပေါ်တွင် ထုံးအိတ်များဖြင့်ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ်(၃၉) အိတ်အတွင်းမှ ငွေကျပ်(၁၁ ဒသမ ၇)ဘီလီယံခန့်တန် ဖိုးရှိ စိတ်ကြွဆေးပြား(၇၈)သိန်းပြားကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ စိတ်ကြွဆေးပြားများအား ပင် လောင်းမြို့နယ်၊ တီဂျစ်ကျေးရွာနေ ကျော်ဝင်းအောင် (ခ)ပအို့ဝ်(ဖမ်းဆီးရန်ကျန်)၏အစီအစဥ်ဖြင့် အမ်းမြို့ရှိ AA အဖွဲ့ဝင် မြို့နယ်မှူးထံထံသို့ပို့ဆောင်မည်ကိုဖော် ထုတ်သိရှိခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကာ ဖမ်း ဆီးရန်ကျန်ရှိသူများနှင့် ဆက်စပ်ပြစ်မှုကျူးလွန်သူ များကိုထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ The post AA အဖွဲ့ဝင် မြို့နယ်မှူးထံပို့ဆောင်မည့် ငွေကျပ်(၁၁) ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ appeared first on Popular .
Go to News Site