Khit Thit Media
ရန်ကုန်၊ ဧပြီ ၄ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကနောင်မင်းသားကြီးလမ်းပေါ်ရှိ “အာရှနဂါး” (Asia Dragon) အထည်ချုပ်စက်ရုံ၌ ယမန်နေ့ ဧပြီလ ၄ ရက်နေ့၊ လစာထုတ်ရက်တွင် သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက ဝင်ရောက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အလုပ်သမားများအတွက် ပြင်ဆင်ထားသည့် လစာငွေကျပ် သိန်း ၃၀၀၀ ကျော် ပါသွားကြောင်း စက်ရုံပိုင်ရှင်ဘက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့မနက် ၁၁ နာရီခွဲဝန်းကျင်အချိန်တွင် ဆိုင်ကယ်စီးလာသည့် ပြောက်ကျားစစ်ဝတ်စုံဝတ် အမျိုးသားနှစ်ဦးသည် စက်ရုံသို့ ရောက်ရှိလာပြီး လုံခြုံရေးဝန်ထမ်းကို သေနတ်ဖြင့်ချိန်ကာ စက်ရုံအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရုံးခန်းအတွင်းရှိ ငွေကိုင်စာရေးမထံမှ အလုပ်သမား ၈၀၀ ကျော်အတွက် ပြင်ဆင်ထားသည့် လစာငွေများနှင့် ရှိသမျှငွေကြေးများ စုစုပေါင်း ငွေကျပ် သိန်း ၃၀၀၀ […] The post ရန်ကုန်၊ ဒဂုံဆိပ်ကမ်းရှိ အာရှနဂါးအထည်ချုပ်စက်ရုံတွင် လစာထုတ်ပေးမည့် ငွေကျပ် သိန်း ၃၀၀၀ ကျော်ကို ဓားပြဝင်တိုက်သွား၊ အထည်ချုပ်အလုပ်သမား ၈၀၀ ကျော် လစာမရ appeared first on Khit Thit Media .
Go to News Site