Khit Thit Media
ရန်ကုန်၊ ဧပြီ ၅ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော ရှုပ်ထွေးသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ မရှိဘဲ မည်သို့မျှ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သဘောထားထုတ်ပြန်ချက်တစ်ရပ် ယနေ့ ထုတ်ပြန်သည်။ လက်ရှိမြန်မာ့နိုင်ငံရေး၏ အဓိကသော့ချက်မှာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး သူမ၏ ပါဝင်ပတ်သက်မှုမရှိဘဲ ဆောင်ရွက်သည့် မည်သည့်ဖြေရှင်းနည်းမျိုးမဆို ထိရောက်သည့်ရလဒ် ထွက်ပေါ်လာမည်မဟုတ်ကြောင်း အလေးအနက် ဖော်ပြထားသည်။ “ယခင်ကတည်းက ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ချုပ်သဘောထားပါ။ အဖွဲ့ ချုပ်ရဲ့သဘောထားကို နိုင်ငံတ ကာနဲ့ ပြည်သူလူထုအားလုံး သိစေလိုပါတယ်။ အခုလောလောဆယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ တော်သမ္မတကြီး ဦးဝင်းမြင့်တို့လွတ်မြောက်ရေးလှုပ်ရှားမှုကတော့ ငြိမ်းချမ်းစွာနဲ့ နိုင်ငံရေးဖြစ်စဉ်ကို လိုလားသူတွေရဲ့ လှုပ်ရှားမှုလို့ မြင်ပါတယ်” […] The post မြန်မာ့နိုင်ငံရေးအကျပ်အတည်းပြေလည်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမပါဘဲ လမ်းစမရနိုင်ဟု NLD ပါတီ ထုတ်ပြန် appeared first on Khit Thit Media .
Go to News Site