Collector
တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် | Collector
တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
Popular Journal

တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

Credit to Popular Journal - ယနေ့ ဧပြီ(၆)ရက်၌ တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။ ယနေ့ညနေပိုင်းအထိခန့်မှန်းချက်အရ ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်း (၈၀)ဖြစ်သည် ဟု ဆိုသည်။ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်းအသိပေးထားသည်။ နောက် (၂)ရက်အတွက်ခန့်မှန်းချက်အရ နေပြည်တော်၊မန္တလေးတိုင်း၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။ The post တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် appeared first on Popular .

Go to News Site