Popular Journal
Credit to Popular Journal - ၂၀၂၆ ခုနှစ် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် အကောက်ခွန်ဦးစီးဌာနမှ အထူးအစီအစဉ်များဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါကြေညာချက်အရ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေကြောင်းများမှတစ်ဆင့် တင်သွင်း၊ တင်ပို့မည့်ကုန်ပစ္စည်းများကို သင်္ကြန်ရုံးပိတ်ရက်ဖြစ်သော ဧပြီ ၁၁ ရက်၊ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ရုံးချိန်ပြည့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်လိုအပ်ချက်အရ အရေးတကြီးတင်သွင်းလာသော ပစ္စည်းများကို ကြိုတင်လျှောက်ထားပါက ထုတ်ယူနိုင်ရန်အတွက် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အချိန်ပို (Overtime) လုပ်ငန်းများ ဆောင်ရွက်လိုသော ကုမ္ပဏီများအနေဖြင့် အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်နှင့်ပတ်သက်သည့် Deposit ငွေ လုံလောက်စွာထားရှိရမည်ဖြစ်ပြီး ဧပြီ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီမတိုင်မီ လျှောက်ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် […] The post မဟာသင်္ကြန်ကာလအတွင်း အကောက်ခွန်လုပ်ငန်းများ ရုံးချိန်ပြည့် ဆက်လက်ဆောင်ရွက်ပေးမည် appeared first on Popular .
Go to News Site