Popular Journal
Credit to Popular Journal - တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် ဦးဇော်နိုင်ဦးကို ယနေ့ ဧပြီ ၆ ရက်နံနက်ပိုင်းကကျင်းပသည့် တ တိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် တိုင်းလွှတ်တော်ကအတည်ပြုခဲ့ပြီး တိုင်းအစိုးရအဖွဲ့သစ်ကိုလည်း ဝန်ကြီးဌာန(၈)ခုဖြင့်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ မြိတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဇော်နိုင်ဦးအား တိုင်းဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် နိုင်ငံတော်သမ္မတမှ အမည်စာရင်းပေးပို့ခဲ့ခြင်းဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က သဘောတူညီအတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၄၈၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁)အရ တိုင်းအစိုးရအဖွဲ့သစ်ကိုလည်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုရေးရာဝန်ကြီးဌာန၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန(၈)ခုဖြင့်ဖွဲ့စည်းရန်လည်းအတည်ပြုခဲ့ကြောင်း သိရသည်။ ထို့ပြင် ဝန်ကြီးဌာန(၈)ခုတွင် တာဝန်ထမ်းဆောင်မည့် ဝန်ကြီး(၈)ဦး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ်အပါအဝင် တိုင်းဒေသကြီးတရားလွှတ် တော်တရားသူကြီး(၃)ဦးတို့ကိုလည်း […] The post တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ဦးဇော်နိုင်ဦးကိုခန့်အပ် တိုင်းအစိုးရအဖွဲ့သစ်အား ဝန်ကြီးဌာန(၈)ခုဖြင့်ဖွဲ့စည်းမည် appeared first on Popular .
Go to News Site