Khit Thit Media
ရန်ကုန်၊ ဧပြီ ၆ မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိနာကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၅,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းထံမှ သိရသည်။ မတ်လ ၂၉ ရက်နေ့မှ စတင်၍ မင်းဘူးမြို့နယ်အတွင်း အင်အား ၁၂၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များကို မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ရှော်ဖြူတောကျေးရွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီကျော် ကြာမြင့်ခဲ့သည်။ မတ်လ ၃၁ ရက်နေ့တွင်လည်း မုတ္ထောကြီးကျေးရွာမှတစ်ဆင့် မရှက်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် မင်းဘူးခရိုင် […] The post မင်းဘူးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ရွာပေါင်း ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ appeared first on Khit Thit Media .
Go to News Site