Popular Journal
Credit to Popular Journal - နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန၏ အမည်စာရင်းကို ယနေ့ (ဧပြီ ၇ ရက်) တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူခဲ့သည်။ ထို့အတွက်ကြောင့် ပြည်ထောင်စုအစိုးရ ဝန်ကြီး ဌာန ၃၁ ခုကို ပြည်ထာင်စုဝန်ကြီး ၃၀ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်လည်း ဖြစ်သည်။ ယနေ့ ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုစဉ်တွင် မန္တလေးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြု မဲဆန္ဒနယ်အမှတ် (၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စန်း (တစညပါတီဝင်) က တောင်သူလယ်သမားရေးရာဝန်ကြီးဌာန ဖွဲ့စည်းပေးနိုင်ရေးနှင့်ပတ်သက်၍ လည်းကောင်း၊ ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်မြင့် (ပြည်ခိုင်ဖြိုးပါတီဝင်) က တောင်သူလယ်သမားရေးရာဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့အဖြစ် သီးခြားစီဖွဲ့စည်းပေးနိုင်ရေးနှင့်ပတ်သက်၍ လည်းကောင်း ၊ ကလောမဲဆန္ဒနယ် […] The post အစိုးရသစ်တွင် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခု ဖြင့် ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု appeared first on Popular .
Go to News Site