Popular Journal
Credit to Popular Journal - ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် တတိယနေ့ အစည်းအဝေးတွင်ဝန်ကြီးဌာန (၁၀) ခုအတွက် တိုင်းဒေသကြီးဝန်ကြီးများခန့်အပ်ခဲ့သည်။ ဧပြီ ၆ ရက်နေ့ကပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယနေ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတကြီးကအဆိုပြုတင်သွင်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်က အဆိုပြုတင်သွင်းခံသည့် ဝန်ကြီး ၁၀ ဦးနှင့် တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တရားလွှတ်တော်တရားသူကြီးများကို အဆိုပြုတင်သွင်းခဲ့သည်။ ၎င်းတို့မှာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် အဖြစ် ဒေါ်စန္ဒာသွယ်၊ ဝန်ကြီးများအဖြစ်ဗိုလ်မှူးကြီး ဝင်းတင့်၊ ဒေါက်တာမေသန်းနွယ်၊ ဦးဗိုလ်ဌေး၊ ဦးနေလင်းထွန်း၊ ဒေါက်တာမျိုးသော်၊ ဒေါက်တာထူးမောင်၊ ဦးစိုးဦး၊ ဦးမျိုးမြင့်အောင်၊ စောဂျက်ကော့ထူး၊ ဦးနေမင်းထွန်းတို့ ဖြစ်သည်။ အလားတူ တိုင်းဒေသကြီးဥပဒေချုပ်အဖြစ် ဒေါ်ဖြူမာဝေ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်မာချို၊ တရားလွှတ်တော်တရားသူကြီးများအဖြစ် ဦးကျော်စွာငြိမ်း၊ ဒေါ်ထားထား၊ဒေါ်နုနုခင်၊ ဦးကျော်ကျော်၊ ဒေါ်မာလာထွဋ်၊ ဦးသောင်းထွေးတို့ ဖြစ်သည်။ ယနေ့တွင် […] The post ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးဌာန (၁၀) ခု အတွက် တိုင်းဒေသကြီးဝန်ကြီးများခန့်အပ် appeared first on Popular .
Go to News Site