Khit Thit Media
ရန်ကုန်၊ ဧပြီ ၇ စစ်အာဏာသိမ်းမှုနှင့် မင်းအောင်လှိုင်ကို ကာကွယ်ပြောဆိုလေ့ရှိသော အကြမ်းဖက် ဗိုလ်ချုပ်ဇော်မင်းထွန်းကို စစ်ဘက်နှင့်အရပ်ဘက်ရာထူးတာဝန်များမှ ထုတ်ပယ် အနားပေးလိုက်ခြင်းမှာ ဇော်မင်းထွန်း၏ မိန်းမ သင်းသင်းအောင်က မလျှော်ဩဇာသုံး၍ ဝန်ကြီးဌာန လုပ်ငန်းတင်ဒါ ရယူမှု၊ စစ်တပ်ပိုင်မြေကွက်များကို ရောင်းစားမှုတို့ကြောင့် ဖြစ်ကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။ အကြမ်းဖက် ဇော်မင်းထွန်း၏ မိန်းမ သင်းသင်းအောင်က စီးပွားရေးသမားတချို့နှင့်ပူးပေါင်း၍ ဝန်ကြီးဌာနတင်ဒါများ ရယူခြင်း၊ စစ်တပ်လက်အောက်ခံ ပြည်သူ့ဆက် ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးတပ်ဖွဲ့ ပိုင်မြေကွက်များကို မြေစာရင်းဌာနနှင့်ပူးပေါင်း၍ စာရွက်စာတမ်းများ ထုတ်ယူကာ ရောင်း စားမှုများလုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ လုပ်ဆောင်မှုများကို တိုင်ကြားသဖြင့် စိစစ်အရေးယူရာမှ ဇော်မင်းထွန်းကို စစ်ဘက်ဗိုလ်ချုပ်ရာထူး၊ အရပ်ဘက် ပြန်ကြားရေးဒုဝန်ကြီး ရာထူးများမှ ထုတ်ပယ်အနားပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဗိုလ်ချုပ်ဇော်မင်းထွန်းအဓိက ပြုတ်သွားတာက သူ့အမျိုးသမီး(သင်းသင်းအောင်)နဲ့အလုပ်လုပ်နေတဲ့ […] The post မိန်းမဖြစ်သူ သင်းသင်းအောင်၏ မလျှော်ဩဇာသုံး၍ ဝန်ကြီးဌာန တင်ဒါရယူမှု၊ စစ်တပ်ပိုင်မြေကွက်များနှင့် အခြားမြေကွက်များကို ရောင်းစားမှုတို့ကြောင့် အကြမ်းဖက် ဇော်မင်းထွန်းကို ဗိုလ်ချုပ်ရာထူးနှင့် ပြန်ကြားရေးဒုဝန်ကြီးတာဝန်များမှ ထုတ်ပယ်အနားပေး appeared first on Khit Thit Media .
Go to News Site