Popular Journal
Credit to Popular Journal - တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ ဧပြီ ၇ ရက်နံနက် ၁၀ နာရီက တိုင်းဒေသကြီးလွှတ်တော်ရုံး၌ကျင်းပခဲ့ပြီးနောက် ဝန်ကြီးဌာန(၇)ခုဖြင့်ဖွဲ့စည်းထားသော မကွေးတိုင်းအစိုးရအဖွဲ့ကို အတည်ပြုပေးခဲ့သည်။ မကွေးတိုင်းအစိုးရအဖွဲ့၌ တိုင်းဝန်ကြီးချုပ်အဖြစ်ဦးတင်ကိုကိုက တာဝန်ယူ၍ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ စီမံ ကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် ဦးစန်းလွင်၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်နွယ်နီနိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဆန်းညွန့်အောင်တို့မှ တာဝန်ယူသွားမည်ဖြစ်သည်။ ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနဝန်ကြီးအဖြစ် ဦးအောင်နိုင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစိုင်းမြင့်အေး၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးကြည်ထွန်းတို့မှလည်း တာဝန်ယူသွားကြမည်ဖြစ်သည်။ ထို့ပြင် မကွေးတိုင်းဒေသကြီးဥပဒေချုပ်အဖြစ် ဦးအေးလွင်၊ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်အဖြစ် ဒေါ်အေးအေး၊ […] The post ဝန်ကြီးဌာန(၇)ခုဖြင့်ဖွဲ့စည်းထားသော မကွေးတိုင်းအစိုးရအဖွဲ့ကို တိုင်းဒေသကြီးလွှတ်တော်အတည်ပြု appeared first on Popular .
Go to News Site