Popular Journal
Credit to Popular Journal - ပေကျင်း၊ ဧပြီလ ၅ ရက် တရုတ်နိုင်ငံသည် အာကာသအခြေပြု ဉာဏ်ရည်တု ကွန်ပျူတာတွက်ချက်မှု ကွန်ရက်တစ်ခုအတွက် ဘက်စုံဖြစ်နိုင်ခြေလေ့လာမှုနှင့် စီမံကိန်းမတိုင်မီ အကဲဖြတ်မှုများကို စတင်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်ကာကွယ်ရေး သိပ္ပံ၊ နည်းပညာနှင့် စက်မှုစီမံခန့်ခွဲရေးဌာနအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါဌာန၏ ကော်မာရှယ်အာကာသကဏ္ဍ ဒုတိယညွှန်ကြားရေးမှူး ယူဂေါင်ဘင် က ပြီးခဲ့သည့်သောကြာနေ့တွင် ပေကျင်း၌ ကျင်းပခဲ့သော ၂၀၂၆ ခုနှစ် အာကာသကွန်ပျူတာလုပ်ငန်းဆိုင်ရာ ညီလာခံတွင် ပြောကြားရာ၌ ၎င်းတို့ဌာနအနေဖြင့် စီမံကိန်းစတင်ခြင်း အစည်းအဝေးများနှင့် ကျွမ်းကျင်သူအဖွဲ့များ၏ ဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပပေးခဲ့ပြီး လုပ်ငန်းစဉ်များမှာ အစီအစဉ်တကျ ရှေ့ဆက်နေပြီဖြစ်ကြောင်း Science and Technology Daily သတင်းစာက ဖော်ပြခဲ့သည်။ အာကာသအခြေပြု ကွန်ပျူတာတွက်ချက်မှု ဆိုသည်မှာ ကွန်ပျူတာတွက်ချက်နိုင်စွမ်း ကို အာကာသထဲတွင် ဖြန့်ကြက်ချထားခြင်းဖြစ်ပြီး ဂြိုဟ်တုကွန်ရက်များမှတစ်ဆင့် တစ်ကမ္ဘာလုံးကို […] The post အာကာသအခြေပြု ဉာဏ်ရည်တု ကွန်ပျူတာကွန်ရက် ဖြစ်နိုင်ခြေလေ့လာ appeared first on Popular .
Go to News Site