Khit Thit Media
ရန်ကုန်၊ ဧပြီ ၇ ကချင်လွတ်မြောက်ရေးအဖွဲ့ -KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်နှင့်အဖွဲ့ ရှမ်းမြောက်ဒေသသို့ သွားရောက်ပြီး ယင်းဒေသရှိ KIA တပ်များကို သွားရောက်စစ်ဆေးမှု မှန်ကန်သော်လည်း မဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံမှုကိုမူ မသိရှိကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုဧပြီလဆန်းပိုင်းအတွင်း ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နှင့်အဖွဲ့သည် ရှမ်းမြောက်ဒေသရှိ KIA တပ်ရင်းများသို့ သွားရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရှိထားကြောင်း၊ TNLA နှင့် MNDAA မဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံသည်ဆိုသော သတင်းများကို အွန်လိုင်းတွင်တွေ့ရှိရသော် လည်း ၎င်းအနေဖြင့် ယင်းသတင်းများကို မသိရှိကြောင်း ဗိုလ်မှူးကြီး နော်ဘူက ရှင်းပြသည်။ “ရှမ်းမြောက်ပေါ့။ ကျနော်တို့ အခေါ်တော့ တောင်ပိုင်းဘက်မှာရှိတဲ့ တပ်တွေကို သွားရောက်စစ်ဆေးတယ်လို့ သိပါတယ်။ လွန်ခဲ့တဲ့ ၃ ၊ ၄ ရက်လောက်ကပေါ့။ […] The post KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်နှင့်အဖွဲ့ ရှမ်းမြောက်ဒေသသို့ သွားရောက်မှု မှန်ကန်သော်လည်း မဟာမိတ်အဖွဲ့များနှင့်တွေ့ဆုံမှုကိုမူ မသိရှိဟု ဗိုလ်မှူးကြီးနော်ဘူ ပြောဆို appeared first on Khit Thit Media .
Go to News Site